
မကၠေဒးမီးယားသီးနွံစာတမ္းျပုစုျခင္း
နိဒါန္းမကၠေဒးမီးယားသီးနွံ၏ မူရင္းေဒသမွာ ျသစေတးလ်ားတိုက္ Queenslandေဒသနွင့္ New South Wales ကန္းရိုးတန္းေဒသမွျဖစ္ျပီးအခ်ို့က QueenslandNut ဟုေခၚျကပါသည္။ ျမန္မာနိုင္ငံတြင္ ၁၉၈၂-၈၃ခုနွစ္၊ ျသစေတးလ်မွစတင္တင္သြင္းျပီး ထားဝယ္ျပည္ခရိုင္ (ပန္းေတာင္း)နွင့္ ျမစ္ျကီးနားေဒသမ်ားတြင္ သာစမ္းသပ္စိုက္ပ်ိုးခဲ့ျပီး ျပည္ခရိုင္နွင့္ ျမစ္ျကီးနား တြင္သာ သီးပြင့္မႈရွိခဲ့ပါသည္။ ၁၉၉၃ခုနွစ္တြင္ နယ္စပ္ေဒသဖြံ့ျဖိုးေရးအစီအစဉ္အရ ခ်င္းေရွြေဟာ္ ျမို့သစ္တြင္စမ္းသပ္စိုက္ပ်ိုးရာ ေကာင္းစြာျဖစ္ထြန္းသီးပြင့္ေျကာင္းေတြ့ရွိရပါသည္။ ၂၀ဝဝခုနွစ္ တြင္ျပင္ဦးလြင္ေဒသတြင္ စမ္းသပ္စိုက္ပ်ိုးခဲ့ေသာပုဂၢလိကစိုက္ပ်ိုးသူမ်ားအား စည္းရံုးပညာေပးျပီး ျမန့္မာနွစ္ရွည္ပင္လုပ္ငန္းမွ ဦးေဆာင္အေကာင္အထည္ေဖာ္ခဲ့ေသာ စိုက္ဧကေထာင္ခ်ီသည့္ စိုက္ခင္းမ်ားမွာလည္း ေကာင္းစြာျဖစ္ထြန္းေအာင္ျမင္လွ်က္ရွိပါသည္။ ယခုအခါရွမ္းျပည္နယ္နွင့္ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္၊ မင္းတပ္ခရိုင္၊ မင္းတပ္ျမို့၊ မင္းတပ္ပိုးစာျခံနွင့္ ကန္ျကီးျခံမ်ားတြင္ ေအာင္ျမင္ျဖစ္ထြန္းစြာ စိုက္ပ်ိုးလွ်က္ရွိပါသည္။
ျမန္မာအမည္ - မကၠေဒးမီးယား
အဂၤႅိပ္အမည္ - Macadamia
ရုကၡေဗဒအမည္ - Macadamia integrifolia (အေစ့ခြံေခ်ာ၊အသီးလံုး၊အသီးျကီးမ်ိုး)
- Macadamia tetraphylla(အေစ့ခြံျကမ္း၊အသီးခြ်န္း၊အသီးေသးမ်ိုး)
မ်ိုးရင္းအမည္ - Proteaceae
မူရင္းေဒသ - ျသစေတးလ်ားတိုက္ Queensland ေဒသနွင့္ New South Wales ကန္းရိုးတန္းေဒသ
ေျမအမ်ိုးအစားေရြးခ်ယ္ျခင္း
အဟာရျကြယ္ဝျပီးသဲမဆန္လြန္းေသာေျမကိုေရြးခ်ယ္ရန္
အေပၚယံေျမသား(ဝ.၅)မီတာရွိရမည္။
ေျမအခ်ဉ္ငံဓါတ္ ၅ နွင့္ ၅.၅
သစ္ေဆြးေျမပါဝင္မႈနွင့္ေဖာ့စဖိတ္ဓါတ္ျကြယ္ဝေသာေျမသည္အေကာင္းဆံုးျဖစ္သည္။
အစိုဓါတ္ထိန္းသိမ္းမႈေကာင္းေသာေျမ
ေရဝပ္ေျမ၊ေျမေစးေရွာင္ရန္
ရာသီဥတု
နွစ္စဉ္မိုးေရခ်ိန္လက္မ(၆၀)နွင့္ အထက္ရွိရမည္။
ပန္းပြင့္ခ်ိန္ျဖစ္ေသာဒီဇင္ဘာ၊ ဇန္နဝါရီ၊ ေဖေဖာ္ဝါရီလမ်ားတြင္ အေအးဓါတ္(၁၅ ဒီဂရီစင္ဒီဂရိတ္) အတြင္းရွိရန္ လိုအပ္ပါသည္။
အပူပိုင္းေဒသမ်ားတြင္ ပင္လယ္ေရမ်က္နွာျပင္အထက္ အျမင့္ေပ(၁၅၀ဝ-၃၀ဝဝ) ျကားစိုက္ပ်ိုးသင့္ပါသည္။
ဆီးနွင္းဒဏ္အေတာ္အသင့္ ခံနိုင္မႈရွိသည္။
စိုက္ပ်ိုးျခင္း
စိုက္က်င္းအား ၂ ေပခြဲပတ္လည္ ၂ ေပခြဲအနက္ အေပၚယံေျမက်င္းတစ္ဖက္စီထားျပီးတူးရန္။
အေစ့စိုက္ပင္အား(၃၂ေပ×၃၂ေပ)သို့မဟုတ္(၃၂ေပ×၁၆ေပ)၊(၁)ဧက(၄၀)ပင္နႈန္း။
ကိုင္းဆက္ပင္အား(၂၅ေပ×၂၅ေပ)သို့မဟုတ္(၂၀ေပ×၁၅ေပ)၊(၁)ဧက(၇၀)ပင္နႈန္း။
စိုက္ျပီးျပီးခ်င္းအပင္ေျခတြင္အရြက္ေျခာက္ဝိုင္းပံုျခင္းအားပင္ေျခမွခြါျပီးအရြက္တံစက္ျမိတ္စက္ဝိုင္းအျပင္ဘက္တြင္ျပုလုပ္ရမည္။
စိုက္ပ်ိုးရာတြင္ေရေသာက္ျမစ္မေခါက္ေစရန္။
နွစ္အလိုက္ေကြ်းရမည့္ ဓါတ္ေျမျသဇာနႈန္း (ပင္/ေအာင္စ)
စဉ်
|
စိုက်နှစ်
|
မေ-ဇွန်
(ပ-အကြိမ်)
|
စက်-အောက်
(ပ-အကြိမ်)
| ||||
N
|
P
|
K
|
N
|
P
|
L
| ||
၁
|
ပနှစ်
|
4
|
6
|
-
|
4
|
6
|
-
|
၂
|
ဒုနှစ်
|
8
|
12
|
8
|
8
|
12
|
8
|
၃
|
တနှစ်
|
19
|
24
|
14
|
19
|
24
|
14
|
၄
|
စနှစ်နှင့်အထက်
|
25
|
35
|
20
|
25
|
35
|
20
|
ေပါင္းရွင္းျခင္းကိုအနည္းဆံုး(၁)နွစ္(၃)ျကိမ္ျပုလုပ္ရမည္။
အပင္ပါတ္လည္အရြက္ေျခာက္ဝိုင္းပံုျခင္းအားမိုးမကုန္မွီေဆာင္ရြက္ရမည္။
ေပါင္းျမက္သက္သာေစရန္နွင့္အပိုဝင္ေငြရရွိေစရန္သင့္ေတာ္ေသာျကားသီးနွံစိုက္ပ်ိုးရန္။
ပ်ိုးပင္စိုက္ပ်ိုးျပီးပါကေရဝေအာင္ေလာင္းရန္။
ေန့စဉ္ေရလိုအပ္လွ်င္လိုအပ္သလိုေလာင္းေပးရန္။
အသီးထြက္နႈန္းနွင့္ေဈးကြက္
စနစ္တက်ထိန္းသိမ္းထားသည့္ မကၠေဒးမီးယားမ်ိုးသန့္ျခံတစ္ျခံမွ ေရေျမေဒသေပၚမူတည္ျပီး (၁)ဧလွ်င္အခြံပါးအေစ့(၁တန္မွ၅တန္)အထိထြက္ရွိျပီး အေစ့ဆံ(ဝ.၃)တန္မွ(၂)တန္အထိ ရရွိပါသည္။ အပင္သက္တမ္း(၂၀)နွစ္နွင့္(၃၀)နွစ္ျကားသည္ အသီးထြက္အေကာင္းဆံုးကာလ ဟုသိရပါသည္။ ယေန့နိုင္ငံတစ္ကာေဈးကြက္တြင္ အေစ့ဆံ(၁)တန္လွ်င္ ေဒၚလာ(၆၀ဝဝ)ဝန္းက်င္ ရွိသျဖင့္ တစ္ဧကလွ်င္ သိန္း(၆၀ဝဝ)အထိရရွိနိုင္မည္ျဖစ္ပါသည္။
ပ်ိုးခင္းတည္ေထာင္ျခင္း
မ်ိုးေစ့မ်ားကိုအပင္ေဖာက္ပါက ဒုတိယသုတ္ျကြေသာမ်ိုးေစ့ကိုေရြးခ်ယ္ရန္။
ျကြေသီးမ်ားစုေဆာင္းျပီး ၂၄ နာရီးအတြင္းအခြံစိမ္းကိုခြါရန္။
မ်ိုးေစ့နားေနခ်ိန္မရွိသျဖင့္အခြံစိမ္းခြါျပီးမ်ိုးေစ့မ်ားကို ခ်က္ခ်င္းအစို့ေဖာက္ရန္။
အစို့ေဖာက္ရာတြင္အပူခ်ိန္ ၃၀-၃၅ဒီဂရီစင္တီဂရိတ္ ရရွိရန္လိုအပ္သည္။
ပ်ိုးေထာင္ရန္အတြက္မ်ိူးေစ့ကို၂၄-၄၈ နာရီေရစိမ္ထားရန္။
ေရစိမ္မ်ိုးေစ့မ်ားအနက္ေရျမုပ္ေစ့ကိုသာေရြးခ်ယ္အသံုးျပုရန္။
မ်ိုးေစ့ေဖာက္ရာတြင္ျမစ္သဲျကမ္းရရွိရန္မလြယ္ကူပါက စပါးခြံဖြဲျပာကိုအသံုးျပုရန္။
တစ္ျကိမ္မ်ိုးေစ့ေဖာက္ျပီးတိုင္း သဲကိုအသစ္လွဲျခင္းျဖင့္မ်ိုးေစ့ေဆာင္ပိုးမွြားေရာဂါမ်ားကို ျကိုတင္ေရွာင္ရွားနိုင္ပါသည္။
ပ်ိုးေဘာင္ကိုသဲအထူ ၈ လက္မ၊ အက်ယ္ ၃ ေပ- ၃ေပခြဲနွင့္အရွည္ကိုလိုအပ္သလို ျပင္ဆင္ရန္။
ပ်ိုးအိတ္မ်ားကိုျမက္၊ ေပါင္းပင္အျမဲ ရွင္းလင္းထားရန္။
ပ်ိုးအိတ္အရြယ္မွာ (၁၂လက္မ×၁၆လက္မ)ကိုသံုးရန္
ပ်ိုးပင္ေရွြ့မစိုက္ခင္ ပ်ိုးအိတ္ကိုေရဝေအာင္ေလာင္းရန္
ပ်ိုးပင္မ်ားကို ၅၀% အရိပ္စင္ေအာက္တြင္ထားရန္
ေအာက္ပါပ်ိုးပင္အမ်ိုးအစားမ်ားကိုစံခ်ိန္မမီပ်ိုးပင္မ်ားျဖစ္၍ပယ္ရန္-
(1) ဘဲငန္းလည္ပင္းကဲ့သို့ ေကာက္ေကြးေနျခင္း
(2) တစ္ရစ္လည္ေကြ့ေကာက္ျခင္း
(3) တစ္ရစ္ျခင္းလွည့္၍ အရစ္မ်ားစြာေကာက္ေကြ့ျခင္း
(4) နွစ္ဆစ္ခ်ိုးေကာက္ေကြ့ေသာ အျမစ္
(5) နြယ္နွာေမာင္းလိမ္ကဲ့သို့ ေကာက္ေကြ့ျခင္း
(6) ပ်ိုးအိတ္ တိမ္သျဖင့္ ေအာက္ေျခေထာက္ျပီး ေကာက္ေကြ့ျခင္း
(7) ေကာင္းစြာမဖြံ့ျဖိုးေသာ အျမစ္
ေတြ့ရွိခ်က္
မကၠေဒးမီးယားအပင္သည္အပင္လတ္၊ အပင္ျကီးမ်ိုးျဖစ္ျပီး အျမဲစိမ္းသစ္ေတာ ျဖစ္ပါသည္။ အရြယ္ေရာက္ျပီးအပင္သည္ အျမင့္ေပ(၆၀)နွင့္အထက္ရွိျပီး အက်ယ္ေပ(၄၀)ခန့္ အထိ ေဘးကိုင္းမ်ား ျဖာထြက္ပါသည္။ အရြက္မ်ားအေရာင္ေတာက္ျပီးစိမ္းလန္းစိုေျပပါသည္။ မကၠေဒးမီးယား အေစ့ဆံ(၁၀ဝ)ဂရမ္လွ်င္ အင္အားျဖစ္ေစေသာ ကယ္လိုရီ(၆၉၁)ပါဝင္ပါသည္။ ေရဓါတ္(၃%)၊ ပရိုတင္း(၈%)၊ အဆီဓါတ္(၇၁%)၊ ကာဘိုဟိုက္ဒရိုတ္(၁၆%)၊ အမွ်င္ဓါတ္(၂.၅%)၊ ျပာဓါတ္(၂%)၊ နွင့္ထံုးဓါတ္၊ ေဖာ့စ္ဖိတ္ဓါတ္၊ သံဓါတ္၊ ပိုတက္ဆီယမ္ဓါတ္ အနည္းငယ္စီပါဝင္ျပီး လွ်င္သိုင္ရာမင္း၊ ရိုင္ဗိုင္ဖေလဗင္၊ နိုင္ရာဆင္မ်ားပါဝင္ပါသည္။
သံုးသပ္ခ်က္မ်ား
အသီးအထြက္တိုးေစမည့္နည္းလမ္းမ်ား
အထြက္ေကာင္းမ်ိုးမ်ားစနစ္တစ္က်ေရြးခ်ယ္စိုက္ပ်ိုးျခင္း။
မွန္ကန္ေသာအပင္အကြာအေဝးျဖင့္စိုက္ပ်ိုးျခင္း။
ေျမဆီလွြာထိန္းသိမ္းမႈလုပ္ငန္းမ်ားေဆာင္ရြက္ျခင္း။
ကိုင္းျဖတ္ျခင္း၊ အပင္ပံုစံသြင္းျခင္းလုပ္ငန္းမ်ား စနစ္တစ္က်ေဆာင္ရြက္ျခင္း။
စိုက္ခင္းထိန္းသိမ္းျပုစုမႈလုပ္ငန္းမ်ား အခ်ိန္ရာသီအလိုက္ စနစ္တစ္က် ေဆာင္ရြက္ျခင္း စသည္တို့ျဖစ္ပါသည္။
အျကံျပုခ်က္မ်ား
ျမန္မာနိုင္ငံအပါအဝင္ ကမၠာ့နိုင္ငံမ်ားအေနျဖင့္ မကၠေဒးမီးယားအေစ့အဆန္၏ အဟာရဓါတ္ တန္ဖိုးနွင့္ က်န္းမာေရးအတြက္ အက်ိုးရွိမႈမ်ားကိုသိရွိလာေသာေျကာင့္ စားသံုးမႈမွာ တစ္ေန့တစ္ျခား တိုးတက္လွ်က္ ရွိေနပါသည္။ ျမန္မာနိုင္ငံတြင္အပူပိုင္းေဒသအတြင္းရွိ ရခိုင္ရိုးမ ေတာင္တန္းမ်ားနွင့္ ခ်င္းျပည္နယ္တို့တြင္ ေအာင္ျမင္စြာစိုက္ပ်ိုးနိုင္သျဖင့္ အမ်ားအျပား တိုးခ်ဲ့စိုက္ပ်ိုးရန္ အေျခေနေကာင္းမ်ားရွိေနေသာ သီးနွံတစ္ခုျဖစ္ပါသည္။ ျမန္မာနိုင္ငံ၏ သန့္စင္ဆဲျဖစ္ေသာ စိုက္ပ်ိုးေရးဆိုင္ရာေျမ၊ ေရ၊ ေလသယံဇာတမ်ား၏ အားသာခ်က္ေျကာင့္ ျမန္မာမကၠေဒးမီးယားအား ဓါတုပိုးသတ္ေဆး၊ ေပါင္းသတ္ေဆးမ်ားအသံုးမျပုပဲ ျသဂဲနစ္စနစ္ျဖင့္ စိုက္ပ်ိုးထုတ္လုပ္နိုင္ပါက ကမၻာ့ေဈးကြက္တြင္ ယွဉ္ျပိုင္ထိုးေဖာက္နိုင္စြမ္း ျမင့္မားေစပါမည္။ ထိုနည္းတူစြာပင္ ခ်င္းျပည္နယ္အတြင္းရွိ ေက်းလက္ေဒသမ်ားတြင္လည္း မကၠေဒးမီးယားစိုက္ပ်ိုးမႈအားေကာင္းလာ ေစရန္အတြက္ စံျပစိုက္ခင္းမ်ား၊ ေတာင္သူနည္းပညာေပးေရးနွင့္ မ်ိုးေကာင္းမ်ိုးသန့္၊ မ်ိုးေစ့မ်ား၊ ပ်ိုးပင္ေထာက္ပံ့မႈမ်ားပိုမိုတိုးခ်ဲ့ လုပ္ေဆာင္သင့္ပါသည္။ ၄င္းလုပ္ငန္းမ်ားပိုမို လုပ္ေဆာင္ျခင္းျဖင့္ ေက်းလက္ေနေတာင္သူမ်ား၏ စားနပ္ရိကၡာဖူလံုမႈမ်ားကို အေထာက္အပံ့ ျဖစ္ေစနိုင္ျပီး တစ္နည္းအားျဖင့္ ေရွြ့ေျပာင္းေတာင္ယာ ေပ်ာက္မႈမ်ားကိုလည္း အေထာက္အကူ ျပုနိုင္မည္ျဖစ္ပါသည္။
ကိုးကားခ်က္မ်ား
မကၠေဒးမီးယားစိုက္ပ်ိုးထုတ္လုပ္မႈ နည္းပညာသင္တန္းမွတ္စု
စိုက္ပ်ိုးေရးဦးစီးဌာန၊ နွစ္ရွည္သီးနွံဌာနခြဲ
စာတမ္းျပုစုသူ
(ေရွြလိန္း)
ဒု-လ/ထဦးစီးမႉး
မင္းတပ္ပိုးစာျခံ
# unicode
မက္ကဒေးမီးယားသီးနှံစာတမ်းပြုစုခြင်း
နိဒါန်း
မက္ကဒေးမီးယားသီးနှံ၏ မူရင်းဒေသမှာ သြစတေးလျားတိုက် Queenslandဒေသနှင့် New South Wales ကန်းရိုးတန်းဒေသမှဖြစ်ပြီးအချို့က QueenslandNut ဟုခေါ်ကြပါသည်။ မြန်မာနိုင်ငံတွင် ၁၉၈၂-၈၃ခုနှစ်၊ သြစတေးလျမှစတင်တင်သွင်းပြီး ထားဝယ်ပြည်ခရိုင် (ပန်းတောင်း)နှင့် မြစ်ကြီးနားဒေသများတွင် သာစမ်းသပ်စိုက်ပျိုးခဲ့ပြီး ပြည်ခရိုင်နှင့် မြစ်ကြီးနား တွင်သာ သီးပွင့်မှုရှိခဲ့ပါသည်။ ၁၉၉၃ခုနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးအစီအစဉ်အရ ချင်းရွှေဟော် မြို့သစ်တွင်စမ်းသပ်စိုက်ပျိုးရာ ကောင်းစွာဖြစ်ထွန်းသီးပွင့်ကြောင်းတွေ့ရှိရပါသည်။ ၂၀ဝ၀ခုနှစ် တွင်ပြင်ဦးလွင်ဒေသတွင် စမ်းသပ်စိုက်ပျိုးခဲ့သောပုဂ္ဂလိကစိုက်ပျိုးသူများအား စည်းရုံးပညာပေးပြီး မြန့်မာနှစ်ရှည်ပင်လုပ်ငန်းမှ ဦးဆောင်အကောင်အထည်ဖော်ခဲ့သော စိုက်ဧကထောင်ချီသည့် စိုက်ခင်းများမှာလည်း ကောင်းစွာဖြစ်ထွန်းအောင်မြင်လျှက်ရှိပါသည်။ ယခုအခါရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မင်းတပ်မြို့၊ မင်းတပ်ပိုးစာခြံနှင့် ကန်ကြီးခြံများတွင် အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးလျှက်ရှိပါသည်။
မြန်မာအမည် - မက္ကဒေးမီးယား
အင်္ဂလိပ်အမည် - Macadamia
ရုက္ခဗေဒအမည် - Macadamia integrifolia (အစေ့ခွံချော၊အသီးလုံး၊အသီးကြီးမျိုး)
- Macadamia tetraphylla(အစေ့ခွံကြမ်း၊အသီးချွန်း၊အသီးသေးမျိုး)
မျိုးရင်းအမည် - Proteaceae
မူရင်းဒေသ - သြစတေးလျားတိုက် Queensland ဒေသနှင့် New South Wales ကန်းရိုးတန်းဒေသ
မြေအမျိုးအစားရွေးချယ်ခြင်း
အဟာရကြွယ်ဝပြီးသဲမဆန်လွန်းသောမြေကိုရွေးချယ်ရန်
အပေါ်ယံမြေသား(ဝ.၅)မီတာရှိရမည်။
မြေအချဉ်ငံဓါတ် ၅ နှင့် ၅.၅
သစ်ဆွေးမြေပါဝင်မှုနှင့်ဖော့စဖိတ်ဓါတ်ကြွယ်ဝသောမြေသည်အကောင်းဆုံးဖြစ်သည်။
အစိုဓါတ်ထိန်းသိမ်းမှုကောင်းသောမြေ
ရေဝပ်မြေ၊မြေစေးရှောင်ရန်
ရာသီဥတု
နှစ်စဉ်မိုးရေချိန်လက်မ(၆၀)နှင့် အထက်ရှိရမည်။
ပန်းပွင့်ချိန်ဖြစ်သောဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် အအေးဓါတ်(၁၅ ဒီဂရီစင်ဒီဂရိတ်) အတွင်းရှိရန် လိုအပ်ပါသည်။
အပူပိုင်းဒေသများတွင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ(၁၅၀ဝ-၃၀ဝ၀) ကြားစိုက်ပျိုးသင့်ပါသည်။
ဆီးနှင်းဒဏ်အတော်အသင့် ခံနိုင်မှုရှိသည်။
စိုက်ပျိုးခြင်း
စိုက်ကျင်းအား ၂ ပေခွဲပတ်လည် ၂ ပေခွဲအနက် အပေါ်ယံမြေကျင်းတစ်ဖက်စီထားပြီးတူးရန်။
အစေ့စိုက်ပင်အား(၃၂ပေ×၃၂ပေ)သို့မဟုတ်(၃၂ပေ×၁၆ပေ)၊(၁)ဧက(၄၀)ပင်နှုန်း။
ကိုင်းဆက်ပင်အား(၂၅ပေ×၂၅ပေ)သို့မဟုတ်(၂၀ပေ×၁၅ပေ)၊(၁)ဧက(၇၀)ပင်နှုန်း။
စိုက်ပြီးပြီးချင်းအပင်ခြေတွင်အရွက်ခြောက်ဝိုင်းပုံခြင်းအားပင်ခြေမှခွါပြီးအရွက်တံစက်မြိတ်စက်ဝိုင်းအပြင်ဘက်တွင်ပြုလုပ်ရမည်။
စိုက်ပျိုးရာတွင်ရေသောက်မြစ်မခေါက်စေရန်။
နှစ်အလိုက်ကျွေးရမည့် ဓါတ်မြေသြဇာနှုန်း (ပင်/အောင်စ)
စဉ်
|
စိုက်နှစ်
|
မေ-ဇွန်
(ပ-အကြိမ်)
|
စက်-အောက်
(ပ-အကြိမ်)
| ||||
N
|
P
|
K
|
N
|
P
|
L
| ||
၁
|
ပနှစ်
|
4
|
6
|
-
|
4
|
6
|
-
|
၂
|
ဒုနှစ်
|
8
|
12
|
8
|
8
|
12
|
8
|
၃
|
တနှစ်
|
19
|
24
|
14
|
19
|
24
|
14
|
၄
|
စနှစ်နှင့်အထက်
|
25
|
35
|
20
|
25
|
35
|
20
|
ထိန်းသိမ်းပြုစုခြင်း
ပေါင်းရှင်းခြင်းကိုအနည်းဆုံး(၁)နှစ်(၃)ကြိမ်ပြုလုပ်ရမည်။
အပင်ပါတ်လည်အရွက်ခြောက်ဝိုင်းပုံခြင်းအားမိုးမကုန်မှီဆောင်ရွက်ရမည်။
ပေါင်းမြက်သက်သာစေရန်နှင့်အပိုဝင်ငွေရရှိစေရန်သင့်တော်သောကြားသီးနှံစိုက်ပျိုးရန်။
ပျိုးပင်စိုက်ပျိုးပြီးပါကရေဝအောင်လောင်းရန်။
နေ့စဉ်ရေလိုအပ်လျှင်လိုအပ်သလိုလောင်းပေးရန်။
အသီးထွက်နှုန်းနှင့်ဈေးကွက်
စနစ်တကျထိန်းသိမ်းထားသည့် မက္ကဒေးမီးယားမျိုးသန့်ခြံတစ်ခြံမှ ရေမြေဒေသပေါ်မူတည်ပြီး (၁)ဧလျှင်အခွံပါးအစေ့(၁တန်မှ၅တန်)အထိထွက်ရှိပြီး အစေ့ဆံ(ဝ.၃)တန်မှ(၂)တန်အထိ ရရှိပါသည်။ အပင်သက်တမ်း(၂၀)နှစ်နှင့်(၃၀)နှစ်ကြားသည် အသီးထွက်အကောင်းဆုံးကာလ ဟုသိရပါသည်။ ယနေ့နိုင်ငံတစ်ကာဈေးကွက်တွင် အစေ့ဆံ(၁)တန်လျှင် ဒေါ်လာ(၆၀ဝ၀)ဝန်းကျင် ရှိသဖြင့် တစ်ဧကလျှင် သိန်း(၆၀ဝ၀)အထိရရှိနိုင်မည်ဖြစ်ပါသည်။
ပျိုးခင်းတည်ထောင်ခြင်း
မျိုးစေ့များကိုအပင်ဖောက်ပါက ဒုတိယသုတ်ကြွေသောမျိုးစေ့ကိုရွေးချယ်ရန်။
ကြွေသီးများစုဆောင်းပြီး ၂၄ နာရီးအတွင်းအခွံစိမ်းကိုခွါရန်။
မျိုးစေ့နားနေချိန်မရှိသဖြင့်အခွံစိမ်းခွါပြီးမျိုးစေ့များကို ချက်ချင်းအစို့ဖောက်ရန်။
အစို့ဖောက်ရာတွင်အပူချိန် ၃၀-၃၅ဒီဂရီစင်တီဂရိတ် ရရှိရန်လိုအပ်သည်။
ပျိုးထောင်ရန်အတွက်မျိူးစေ့ကို၂၄-၄၈ နာရီရေစိမ်ထားရန်။
ရေစိမ်မျိုးစေ့များအနက်ရေမြုပ်စေ့ကိုသာရွေးချယ်အသုံးပြုရန်။
မျိုးစေ့ဖောက်ရာတွင်မြစ်သဲကြမ်းရရှိရန်မလွယ်ကူပါက စပါးခွံဖွဲပြာကိုအသုံးပြုရန်။
တစ်ကြိမ်မျိုးစေ့ဖောက်ပြီးတိုင်း သဲကိုအသစ်လှဲခြင်းဖြင့်မျိုးစေ့ဆောင်ပိုးမွှားရောဂါများကို ကြိုတင်ရှောင်ရှားနိုင်ပါသည်။
ပျိုးဘောင်ကိုသဲအထူ ၈ လက်မ၊ အကျယ် ၃ ပေ- ၃ပေခွဲနှင့်အရှည်ကိုလိုအပ်သလို ပြင်ဆင်ရန်။
ပျိုးအိတ်များကိုမြက်၊ ပေါင်းပင်အမြဲ ရှင်းလင်းထားရန်။
ပျိုးအိတ်အရွယ်မှာ (၁၂လက်မ×၁၆လက်မ)ကိုသုံးရန်
ပျိုးပင်ရွှေ့မစိုက်ခင် ပျိုးအိတ်ကိုရေဝအောင်လောင်းရန်
ပျိုးပင်များကို ၅၀% အရိပ်စင်အောက်တွင်ထားရန်
အောက်ပါပျိုးပင်အမျိုးအစားများကိုစံချိန်မမီပျိုးပင်များဖြစ်၍ပယ်ရန်-
(1) ဘဲငန်းလည်ပင်းကဲ့သို့ ကောက်ကွေးနေခြင်း
(2) တစ်ရစ်လည်ကွေ့ကောက်ခြင်း
(3) တစ်ရစ်ခြင်းလှည့်၍ အရစ်များစွာကောက်ကွေ့ခြင်း
(4) နှစ်ဆစ်ချိုးကောက်ကွေ့သော အမြစ်
(5) နွယ်နှာမောင်းလိမ်ကဲ့သို့ ကောက်ကွေ့ခြင်း
(6) ပျိုးအိတ် တိမ်သဖြင့် အောက်ခြေထောက်ပြီး ကောက်ကွေ့ခြင်း
(7) ကောင်းစွာမဖွံ့ဖြိုးသော အမြစ်
တွေ့ရှိချက်
မက္ကဒေးမီးယားအပင်သည်အပင်လတ်၊ အပင်ကြီးမျိုးဖြစ်ပြီး အမြဲစိမ်းသစ်တော ဖြစ်ပါသည်။ အရွယ်ရောက်ပြီးအပင်သည် အမြင့်ပေ(၆၀)နှင့်အထက်ရှိပြီး အကျယ်ပေ(၄၀)ခန့် အထိ ဘေးကိုင်းများ ဖြာထွက်ပါသည်။ အရွက်များအရောင်တောက်ပြီးစိမ်းလန်းစိုပြေပါသည်။ မက္ကဒေးမီးယား အစေ့ဆံ(၁၀ဝ)ဂရမ်လျှင် အင်အားဖြစ်စေသော ကယ်လိုရီ(၆၉၁)ပါဝင်ပါသည်။ ရေဓါတ်(၃%)၊ ပရိုတင်း(၈%)၊ အဆီဓါတ်(၇၁%)၊ ကာဘိုဟိုက်ဒရိုတ်(၁၆%)၊ အမျှင်ဓါတ်(၂.၅%)၊ ပြာဓါတ်(၂%)၊ နှင့်ထုံးဓါတ်၊ ဖော့စ်ဖိတ်ဓါတ်၊ သံဓါတ်၊ ပိုတက်ဆီယမ်ဓါတ် အနည်းငယ်စီပါဝင်ပြီး လျှင်သိုင်ရာမင်း၊ ရိုင်ဗိုင်ဖလေဗင်၊ နိုင်ရာဆင်များပါဝင်ပါသည်။
သုံးသပ်ချက်များ
အသီးအထွက်တိုးစေမည့်နည်းလမ်းများ
အထွက်ကောင်းမျိုးများစနစ်တစ်ကျရွေးချယ်စိုက်ပျိုးခြင်း။
မှန်ကန်သောအပင်အကွာအဝေးဖြင့်စိုက်ပျိုးခြင်း။
မြေဆီလွှာထိန်းသိမ်းမှုလုပ်ငန်းများဆောင်ရွက်ခြင်း။
ကိုင်းဖြတ်ခြင်း၊ အပင်ပုံစံသွင်းခြင်းလုပ်ငန်းများ စနစ်တစ်ကျဆောင်ရွက်ခြင်း။
စိုက်ခင်းထိန်းသိမ်းပြုစုမှုလုပ်ငန်းများ အချိန်ရာသီအလိိုက် စနစ်တစ်ကျ ဆောင်ရွက်ခြင်း စသည်တို့ဖြစ်ပါသည်။
အကြံပြုချက်များ
မြန်မာနိုင်ငံအပါအဝင် ကမ္ကာ့နိုင်ငံများအနေဖြင့် မက္ကဒေးမီးယားအစေ့အဆန်၏ အဟာရဓါတ် တန်ဖိုးနှင့် ကျန်းမာရေးအတွက် အကျိုးရှိမှုများကိုသိရှိလာသောကြောင့် စားသုံးမှုမှာ တစ်နေ့တစ်ခြား တိုးတက်လျှက် ရှိနေပါသည်။ မြန်မာနိုင်ငံတွင်အပူပိုင်းဒေသအတွင်းရှိ ရခိုင်ရိုးမ တောင်တန်းများနှင့် ချင်းပြည်နယ်တို့တွင် အောင်မြင်စွာစိုက်ပျိုးနိုင်သဖြင့် အများအပြား တိုးချဲ့စိုက်ပျိုးရန် အခြေနေကောင်းများရှိနေသော သီးနှံတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ သန့်စင်ဆဲဖြစ်သော စိုက်ပျိုးရေးဆိုင်ရာမြေ၊ ရေ၊ လေသယံဇာတများ၏ အားသာချက်ကြောင့် မြန်မာမက္ကဒေးမီးယားအား ဓါတုပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများအသုံးမပြုပဲ သြဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ပါက ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်ထိုးဖောက်နိုင်စွမ်း မြင့်မားစေပါမည်။ ထိုနည်းတူစွာပင် ချင်းပြည်နယ်အတွင်းရှိ ကျေးလက်ဒေသများတွင်လည်း မက္ကဒေးမီးယားစိုက်ပျိုးမှုအားကောင်းလာ စေရန်အတွက် စံပြစိုက်ခင်းများ၊ တောင်သူနည်းပညာပေးရေးနှင့် မျိုးကောင်းမျိုးသန့်၊ မျိုးစေ့များ၊ ပျိုးပင်ထောက်ပံ့မှုများပိုမိုတိုးချဲ့ လုပ်ဆောင်သင့်ပါသည်။ ၄င်းလုပ်ငန်းများပိုမို လုပ်ဆောင်ခြင်းဖြင့် ကျေးလက်နေတောင်သူများ၏ စားနပ်ရိက္ခာဖူလုံမှုများကို အထောက်အပံ့ ဖြစ်စေနိုင်ပြီး တစ်နည်းအားဖြင့် ရွှေ့ပြောင်းတောင်ယာ ပျောက်မှုများကိုလည်း အထောက်အကူ ပြုနိုင်မည်ဖြစ်ပါသည်။
ကိုးကားချက်များ
မက္ကဒေးမီးယားစိုက်ပျိုးထုတ်လုပ်မှု နည်းပညာသင်တန်းမှတ်စု
စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲ
စာတမ်းပြုစုသူ
(ရွှေလိန်း)
ဒု-လ/ထဦးစီးမှူး
မင်းတပ်ပိုးစာခြံ
Comments
Post a Comment